အသုံးပြုမှု စည်းကမ်း
နောက်ဆုံး ပြင်ဆင် — ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်
AI Pharmacy ကို သုံးတာနဲ့ ဒီစည်းကမ်းတွေကို သဘောတူတယ်လို့ မှတ်ယူပါတယ်။ ရိုးရိုးရှင်းရှင်း ရေးထားပါတယ် — မရှင်းတာ ရှိရင် Messenger မှာ မေးပါ။
1.AI Pharmacy ဆိုတာ
ဆေးဆိုင် ကောင်တာမှာ အလုပ်လုပ်သူ၊ ဆေးဆိုင် လုပ်ငန်းရှင်နဲ့ HIP ကျောင်းသားတွေအတွက် AI အကူ ဖြစ်ပါတယ်။ Dr. Zin Min Tun (DrTun) က ဖန်တီး ပြုလုပ်ထားပါတယ်။
- ဆေး / ရောဂါ — ဆေးအကြောင်း၊ ရောဂါ လက္ခဏာ၊ ဘယ်အချိန် ဆေးရုံ လွှဲရမလဲ
- ဆိုင် စီးပွားရေး — စတော့၊ ဈေးနှုန်း၊ ဝန်ဆောင်မှု၊ marketing
- ဆေးတွဲ စစ်ရန် (drug interaction) နဲ့ ဆေးသောက်နည်း label
2.ဆရာဝန် အစားထိုး မဟုတ်
🔴 AI အဖြေဟာ အထောက်အကူ သတင်းအချက်အလက်သာ ဖြစ်ပါတယ်
ရောဂါ အတည်ပြုခြင်း၊ ဆေးညွှန်း ရေးခြင်း မဟုတ်ပါ။ နောက်ဆုံး ဆုံးဖြတ်ချက်က ဆေးပေးသူ ကိုယ်တိုင်ရဲ့ တာဝန် ဖြစ်ပါတယ်။
- AI က မှားနိုင်ပါတယ်။ Dose၊ ကလေးဆေး၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ နာတာရှည် လူနာတွေအတွက် package insert ဒါမှမဟုတ် ဆရာဝန်နဲ့ အမြဲ ပြန်စစ်ပါ။
- အရေးပေါ် လက္ခဏာ (ရင်ဘတ်အောင့်၊ အသက်ရှူကျပ်၊ သတိလစ်၊ သွေးအများကြီးထွက်၊ ပြင်းထန်တဲ့ ဓာတ်မတည့်မှု) ရှိရင် AI ကို မမေးဘဲ ဆေးရုံ ချက်ချင်း လွှဲပါ။
- “🟢 ပြဿနာ မတွေ့ပါ” ဆိုတာ ရင်းမြစ်တွေမှာ မတွေ့လို့ပါ — လုံးဝ ဘေးကင်းတယ်လို့ အာမ မခံပါ။
- ဆရာဝန် ဆေးညွှန်းကို AI အဖြေနဲ့ အစားထိုး မပြင်ပါနဲ့။
3.အဖြေ ရင်းမြစ်
(က) HIP သင်ခန်းစာ (အမြဲ အရင်ရှာ) — DrTun ရဲ့ HIP သင်ခန်းစာ knowledge base ထဲက ရှာပြီး ဖြေပါတယ်။ ကိုးကားတဲ့ သင်ခန်းစာကို အဖြေ အောက်မှာ ပြပါတယ်။
(ခ) Web ရှာခြင်း (ငွေပေး plan၊ ကိုယ်တိုင် ဖွင့်မှ) — “🌐 Web ပါ ရှာ” ကို အမှန်ခြစ်ထားပြီး HIP ထဲမှာ မပါမှသာ Google Search နဲ့ ရှာပါတယ်။ အောက်က ယုံကြည်ရတဲ့ ဆေးပညာ site တွေကို ကိုးကားနိုင်မှသာ အဖြေ ပြပါတယ်။ Forum၊ Facebook၊ blog၊ ဆေးရောင်းတဲ့ site တွေကို မသုံးပါ။
ယုံကြည်ရတဲ့ site စာရင်း (၃၃ ခု)
who.int · nih.gov · medlineplus.gov · fda.gov · cdc.gov · nhs.uk · nice.org.uk · gov.uk · medicines.org.uk · europa.eu · mayoclinic.org · clevelandclinic.org · drugs.com · mims.com · drugbank.com · merckmanuals.com · msdmanuals.com · medscape.com · tga.gov.au · tg.org.au · nps.org.au · canada.ca · hres.ca · patient.info · cochrane.org · bmj.com · thelancet.com · nejm.org · aafp.org · idsociety.org · diabetes.org · heart.org · unicef.org
ဥပမာ — WHO၊ US FDA / NIH / MedlinePlus၊ UK NHS / NICE / MHRA၊ Drugs.com၊ MIMS၊ Merck Manuals၊ Mayo Clinic၊ Cochrane။ စာရင်းကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်နိုင်ပါတယ်။
(ဂ) ဆေးတွဲ စစ်ရန်နဲ့ ဆေးသောက်နည်း tool တွေကလည်း HIP သင်ခန်းစာကို အရင်သုံးပြီး မပါတဲ့ အချက်အတွက် အထက်ပါ site တွေမှာ ရှာပါတယ်။
ရင်းမြစ် site တွေရဲ့ အချက်အလက် မှန်ကန်မှုအတွက် AI Pharmacy က တာဝန် မယူနိုင်ပါ — ရင်းမြစ် link ကို နှိပ်ပြီး ကိုယ်တိုင် ဖတ်နိုင်ပါတယ်။
4.Credit နှင့် Plan
| အသုံးပြုမှု | Credit |
|---|---|
| စာနဲ့ မေးခွန်း | ၁ |
| ပုံနဲ့ မေးခွန်း (ပုံ ၁ – ၅ ပုံ) | ၃ |
| Web တကယ် ရှာမှ အပို | +၂ |
| ဆေးတွဲ စစ်ရန် (ဆေး ၅ မျိုးအထိ / ၆ – ၁၀ မျိုး) | ၃ / ၅ |
| ဆေးသောက်နည်း (ဆေး ၅ မျိုးအထိ / ၆ – ၁၀ မျိုး) | ၁ / ၂ |
- Free — တစ်လ မေးခွန်း ၁၀ credit၊ ပုံ ၁ ပုံ၊ web ရှာခြင်း မပါ။
- လစဉ် ၅၀,၀၀၀ ကျပ် (၃၀ ရက်) / နှစ်စဉ် ၃၆၀,၀၀၀ ကျပ် (၃၆၅ ရက်) — တစ်လ ၁,၀၀၀ credit၊ တစ်ရက် ၅၀ credit အထိ။
- Credit ကို မြန်မာ စံတော်ချိန်နဲ့ တွက်ပါတယ်။ မသုံးလိုက်တဲ့ credit ကို နောက်လ မသယ်ပါ။
- AI error၊ အချိန်ကုန်လို့ အဖြေ မရရင် credit ပြန်ပေးပါတယ်။ Web မှာ ယုံကြည်ရတဲ့ site မတွေ့ရင် web အပို credit ပြန်ပေးပါတယ်။
- အဖြေ စထွက်နေတုန်း page ပိတ်လိုက်ရင်လည်း အဖြေကို သိမ်းပြီး credit တွက်ပါတယ်။
- Plan သက်တမ်း ကုန်တဲ့နေ့မှာ Free ပြန်ဖြစ်ပြီး နောက်တစ်နေ့ကစ Free credit ၁၀ အသစ် ရပါတယ်။
- ဈေးနှုန်းနဲ့ credit နှုန်း ပြောင်းရင် ဒီစာမျက်နှာမှာ ကြိုတင် ကြေညာပါမယ်။ ငွေပေးပြီးသား plan ကို သက်တမ်း မကုန်မချင်း မပြောင်းပါ။
5.ငွေပေးချေမှု
- ဘဏ် / mobile money နဲ့ လွှဲပြီး slip တင်ရပါတယ်။ Admin စစ်ပြီး Approve လုပ်မှ plan စပါတယ်။
- Invite link နဲ့ ဝင်ရင်လည်း Admin Approve လုပ်မှ plan စပါတယ်။
- Slip မှား / မပြည့်စုံရင် Reject ဖြစ်နိုင်ပါတယ်။ ငွေ ပြန်အမ်းခြင်း ကိစ္စတွေကို Messenger မှာ တစ်ဦးချင်း ဆွေးနွေးပါ။
6.သုံးစွဲသူ တာဝန်
- လူနာ နာမည်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ် မထည့်ပါနဲ့။ “အသက် ၃၅ အမျိုးသမီး” လို အထွေထွေ ရေးပါ။ ဆေးစာ ပုံမှာ လူနာ နာမည် ဖုံးပြီးမှ တင်ပါ။
- အကောင့်ကို ကိုယ်တိုင်ပဲ သုံးပါ — တခြားသူနဲ့ မျှမသုံးပါနဲ့။
- Bot / script နဲ့ အလိုအလျောက် မေးတာ၊ အဖြေတွေ စုဆောင်း ကူးယူ ရောင်းချတာ မလုပ်ရပါ။
- AI ကို လိမ်လည်ဖို့၊ တရားမဝင် ဆေးဝါး ရောင်းဖို့၊ အန္တရာယ် ဖြစ်စေဖို့ မသုံးရပါ။
- သင် ပြောင်းရောင်း / ပေးတဲ့ ဆေးအတွက် ဥပဒေနဲ့ ကျင့်ဝတ် တာဝန်က ဆိုင်ရှင် / ဆေးပေးသူမှာ ရှိပါတယ်။
7.မူပိုင်ခွင့်
HIP သင်ခန်းစာ အကြောင်းအရာ၊ app ဒီဇိုင်းနဲ့ prompt တွေက DrTun ပိုင်ပါတယ်။ အဖြေတွေကို ကိုယ့်ဆိုင်မှာ ဖောက်သည်ကို ရှင်းပြဖို့၊ ဆေးသောက်နည်း label ကို ဖောက်သည်ကို ပေးဖို့ လွတ်လပ်စွာ သုံးနိုင်ပါတယ်။ သင်ခန်းစာ အကြောင်းအရာကို စုပြီး ပြန်ရောင်း / ပြန်ဖြန့် မလုပ်ရပါ။
8.ပြောင်းလဲမှု နှင့် ရပ်ဆိုင်းမှု
- Feature၊ AI model၊ ရင်းမြစ် site တွေကို ပိုကောင်းအောင် ပြောင်းလဲနိုင်ပါတယ်။
- စည်းကမ်း ချိုးဖောက်ရင် ကြိုတင် အသိပေးပြီး အကောင့် ရပ်ဆိုင်းနိုင်ပါတယ်။
- Server / AI ဝန်ဆောင်မှု ပြတ်တောက်ချိန်မှာ ခဏ သုံးမရ ဖြစ်နိုင်ပါတယ်။
- ဒီစည်းကမ်း ပြောင်းရင် ဒီစာမျက်နှာ ထိပ်က ရက်စွဲကို ပြောင်းပါမယ်။ ကိုယ်ရေး အချက်အလက် အတွက် ကိုယ်ရေး အချက်အလက် မူဝါဒ ကို ဖတ်ပါ။
9.ဆက်သွယ်ရန်
မေးစရာ၊ အကြံပြုချက်၊ မှားနေတဲ့ အဖြေ တွေ့ရင် အဖြေ အောက်က 👎 ကို နှိပ်ပါ၊ ဒါမှမဟုတ် Messenger မှာ ဆက်သွယ်ပါ။